Subscribe via e-mail

Wednesday, February 15, 2012

တောင်ထက်က မှိုင်းဇလီ

အချေခါကပန်းဝှက်တန်းကဇက်ကတ်တေခါ ခေတ်အစားဆုံး စကားချေတခုက တောင်ထက်ကမှိုင်းဇလီ လီထလို့မကြွီ ပါ ၊ ဟုတ်ပါရေ လီထလို့ ရာကြွီလီရဖို့ဆိုကေ လူတိအရုပ်တိစွာ တမျိုးတဖုံပြောင်းလီဖို့လား ၊ ဝထုပ်လုပ်ငန်းတိစွာမဟိမဖြစ်ထဲမာပါလာဖို့လား ၊ ရှုပ်နီရေ ရေအလုပ်တခုသက်သာလီဖို့စွာ ကဒေါ့ခါသေချာပါရေ ၊ ဟုတ်ပါရေ ဒေ " ဆံပင် "
တိစွာကကောင်းအလုပ်ရှုပ်စီရေဆိုစွာငြင်းချင်ကတ်ဖို့ မဟုတ်ပါ ၊ ဂေါင်းဆီးရ ၊ဂေါင်းဖြီးရ ၊ဂေါင်းကိုက်ရ နန့်အလုပ်ကိုရှုပ်နီပါရေ ၊ စိတ်ကိုလေ့အနှောင့်အယှက်ပီးသိမ့်ယင့် ၊ တနားနီ ကျွတ်ပန် ဗျာယ်၊တနား ဖြူပန်ဗျာယ် ၊ ပုံမကျ ဘန်လို့တမျိုး ပုံသွင်းရ ၊ ဆီးဆို့ရ ၊ ဆံပင်ပျက်စီးဘန်လို့တမျိုး၊သန်းလောက်လို့ ၊ ဗေါက်ထလို့ထ ၊ အဆီထွက်လွန်းလို့ အနံ့အသက်မကောင်းလို့တဖုံ ၊ ဂျင်းစားဘန်ဗျာယ်လို့...အို စုံနီရေ ။ ဂေါင်းတုံးထားကေပါဝါ ၊ဒေချင့်လေ့မဖြစ်ပန်ဗျာယ် ၊ ဆံပင်စွာလူ၏ ဥပဓီရုပ်ကိုကောင်းကောင်းထိမ်းချုပ်နိုင်စွမ်းဟိပါရေ ၊ တချို့က ဆံပင်အတိုနန့်ခန့် ငြားပီးကေ တချို့ကဆံပင်အရှည်နန့့််မလိုက် ဖက်စွာလေ့ဟိပြန်သိမ့်ရေ ၊ ရခိုင်သားတိများကာ ကဒေါ့ခါ မ မချေတိဆံပင်အရှည့်ထားစွာကိုနှစ်သက်ကတ်ပါရေ ။ တစည်းစာချေက အကောင်းဆုံးထင်ပါရေ ၊ ကိုယ်ဘားဝါကြီးမတိဆံပင်ကိုနှောက် လှန်ထုံးထားစွာကောင်းကျက်သရေဟိပိုင်မြင်ပါယင့် ။ ဆံပင်နန့်လူအရုပ်ကိုလှရေပိုင်ထင်ရအောင်လုပ်လို့ရရေပိုင်ကောင်းစွာချေတိလေ့ဟိပြန်သိမ့်ရေ ၊ ရုပ်ကိုပြောင်းပစ်လို့ရရေ၊ချစ်သူ ဆံနွယ်ချေကိုသပ်ပီးရေ ဖီးလင်ချေကလေ့တမျိုး၊ သန်းရှာရေယဉ်ကျေးမှုကလေ့ ခင်မင်မှုကိုတည်ဆောက်လို့ရရေပိုင်သတင်းကွန်ယက်ကို   လေ့အားကောင်းစီပါရေ ။ ဆံပင်ကိုအကြီးခွံချေတိပိုင်အဖတ်ဖတ်ချေတိထပ်ထားရေပုံနန့်တည်ဆောက်ထားပါရေ ၊ဆံပင်စွာ အလုံး နန့် အပြား(အယောင်း)ပုံသဏ္ဍန် အချင်းပုံဟိပါရေ၊ အလုံး ဆံပင်မျိုးက ဖြောင့်စင်းပီးကေ အယောင်းမျိုးက ကောက်တေ ဆံပင်မျိုးဖြစ်ပါရေ ၊ ဆံပင်မာဖြစ်တတ်တေစွာတိက ကျွတ်ခြင်း ၊ ခြောက်သွိခြင်း ၊ကျိုးခြင်း ၊ဖွာခြင်း ၊အဆစ်ဆစ် အဖုလုံး ချေတိဖြစ်ခြင်း၊ ဗေါက်ထခြင်း၊ဂျင်းစားခြင်း၊ခူကျခြင်း ၊ ဆံရင်းနာဖြစ်ခြင်း၊.....တိဖြစ်တတ်ပါရေ၊  ဆံပင်ကျွတ်ရခြင်း အကြောင်းရင်းတိက ဒေါ့ခါ မျိုးရိုးလိုက်ခြင်း၊ အရွယ်ရောက်ပြီးယောက်ျားတိမာ သဘာဝအရ နှဖူးဒေါင့်ကကျွတ်ခြင်း၊ရောဂါဝေဒနာကြောင့် ၊ဆီးဝါးဒဏ်ကြောင့် ၊သွီးအားနည်းခြင်းကြောင့်။စိတ်ဖိစီးခြင်းရို့ကြောင့်ဆံပင်ကျွတ်ပါရေ၊ ။ ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ရန် တပတ်2ကြိမ်ထက်ပိုဂေါင်းမဆီးသင့်ပါ၊ ဂေါင်းဖြီးရေ အကြိမ်တိကိုလျှော့ချလိုက်ပါ၊(တရက်မာ 3 ခါလောက်ကောင်းဖြီးတတ်ကေ 1 ခါလောက်ရာဖြီးပါ) ဂေါင်းဆီးဂေါင်းဖြီးရေအခါကကြမ်းတတမ်း မလုပ်ပါကေ့၊ ဂေါင်းဖြီးကိုစစိပ်ချေမသုံးပါကေ့ ကကြားကြီးကိုသုံးပါ၊ ဦးရီပြားမာသွီးလည်ပတ်မှုကာင်းအောင်နှိပ်ပီး ပါ ၊ ဆံပင်ကိုအတို့ကိုက်ထားလိုက်ပါ၊shampooရည်တည့်မတည့်သတိပြုပါ၊ shampooနန့်ဆီးပြီးတိုင်းrinse နန့်ထပ်ဆီးပါ ၊shampoo ရွီးချယ်မှု့မှန်ကန်ပါဇီ (ခြောက်သွိရေအမျိုးစားလား၊ အစိုဓါတ်ရရေအမျိုးစားလား)၊ သဘာဝအုန်းဒရုံ၊ကင်းပွန်းသီးစွာအကောင်းဆုံးဖြစ်ပါလိမေ၊ လူတယောက်၏ဂေါင်းမာ ဆံပင်ပျမ်းမျှ နှစ်ဆယ့်လေးသန်းလောက်ဟိပါရေ လတ်၊(မှားကေဖာပီးပါ) ဆံပင်ကောင်းဖို့အသားဓါတ်နန့် သံဓါတ်စွာအဓိကကျပါရေ၊ လှပတောက်ပဖို့ ဗီတာမင် A E C လိုအပ်ပါရေ ၊ တရက်မာ ဆံပင် 50 က100 ကြားမာကျွတ်လို့ ကြောင်းကြစရာမလိုသိမ့်ပါလတ်၊ ပြန်ပေါက်နှန်းနန့် လိုက်မှီပါသိမ့်ရေလတ် ၊ပျားရည်လိမ်းပီးကေလေ့ပြန်ပေါက်ပါရေလတ်၊ဆံပင်ဟိခြင်းမဟိခြင်း စွာလေ့အချစ်နန့်တိုက်ရိုက်မပတ်သက်ပါလတ်၊ကိုးရီးယားက ထိပ်ပြောင်စပြုနီရေ ရခိုင်သားတယောက်နန့် ဂျပန်ကရခိုင်သမ တယောက်အ ချစ်စစ်တေခါ ကိုးရီးယားမာမင်္ဂလာဆောင်လားဂတ်ပါရေလတ်၊(ဂုဏ်ယူဖို့ကောင်းပါရေ ) အချစ်စစ်တေခါပင်လယ်ပင်ခြားခြား၊ဂေါင်းပင်ပြောင်ပြောင်ပါဗျာယ် နှင်းရာ ၊ AMPကရခိုင်သားချေနန့်ရခိုင်သမချေတိလေ့ ပင်လယ်ခြားခြား၊...............၊ ချစ်ကတ်ပါဇီ၊အမျိုးစောင့်ထိမ်းနိုင်ကတ်ပါဇီ၊ဆုတောင်းယင်း 




                                                                                        မင်းရာမောင်

0 comments: