Subscribe via e-mail


Good (Early) Morning!

You entered this page at 4/7/2025, 1:12:45 AM

Apr. 2025
SunMonTueWedThuFriSat
12345
6789101112
13141516171819
20212223242526
27282930

Sunday, February 5, 2012

တီဖြစ်ပတ်စီ (၂)

မယူကမ်းအနောက်ဖက်ခြမ်း
တောင်ခြီရင်းကရွာဟောင်းချေ
ဇာတိမွီးမြီကို
တခေါက်တခါချေလောက်
လားကြည့်ချင်ကေ
တည်နီရာရှာမရ
ဇာမာလေ ဇာခါက ...........။



ငရို့ဖိုးဖီးဇူဇာရို့
အသက်သွီးနန့်ရင်း
တည်ဆောက်ထားခစွာ
ဒေမြီ ဒေရီ ဒေပြည် ကို
မွီအညှိ့ခံသားကောင်ပိုင်ဝပ်စင်း
ညောင်မျိုခံပထိုးပသျှောင်
ပြိုကျပျောက်ပျက်လားလီရဖို့်လား ... ။

မျောက်နှင်ခံယာရှင်
ဒေအဖြစ်ဆိုး
မင်းဗာရာမြင်လာရဖို့...
ရင်ဖတ်စည်တီး
အကြိမ်ကြီးချ
အခါတရာမကဆို့သီ
ဇာလောက်ထိရင်ကွဲလီဖို့
တက်သီးခေါက်သံ
မိုးကြိုးသံယောင်
ရခိုင်မဟုတ်ကတ်တေပိုင်ကာ ဝေး လို့... ။

မြင်နီကျဒေမြင်ကွင်းတိက
မရိုးနိုင်ဒေမြီမာ
တွိမြင်လီတိုင်း
မချိ့အောင်ရင်နာ
ရွာချောင်းလောင်းဆိပ်က
ကျမျက်ရည်ချောင်းစီး
ဇာတိမြီစွန့်ရသူရို့ မာ

တဆောင်ကနှစ်ဆောင်
နှစ်ဆောင်ကသုံးဆောင်နန့်
တရွိရွိစွန့်ခွါ
ရွာပြိုပျက်သုန်း
မျိုးပြုန်းလားအောင်
ကြမ္မာဝဋ်ဖီးက
သင်္ခါရ ဆိုရပြန်ကေလေ့
ပြင်းလွန်းပါရေကါ.... ။

အော်....
မိဖအမွီဆိုကေ
ဒယောဆိုးချေတပိုင်းတောင်
မျက်နှာမြင်လို့သိမ်းထားတတ်တေဓလေ့ချေ
ဇာဇာရောက်လခကတ်ဗျာယ်လေ ...
အချေခါက ကဇတ်ကတ်ခါပြောကတ်တေပိုင်
ငါ့နရာစာကွက်ဆိုလို့ရဖို့စွာလားယေ

ရီများရီနိုင်
မီးများမီးနိုင်ခါ
အောင်မြင်စွာဆုတ်ခွါ
ကျန်ခရေအမွီအနှစ်
"ခဘာဇာ" ဖြစ်ပါဇီ
ကျိန်ဇာချေနန့်တော့မလုံလောက်.............
တဖေါင်လုံးဝါး
တလုံးတည်းကျန်ကေလေ့
ကန်ထားဖို့ အားတင်းလို့ထား
တီဖြစ်လီပတ်စီ ........ ။ 


                                                                           မင်းရာမောင်