Subscribe via e-mail


Good Morning!

You entered this page at 4/10/2025, 7:33:29 AM

Apr. 2025
SunMonTueWedThuFriSat
12345
6789101112
13141516171819
20212223242526
27282930

Wednesday, March 3, 2010

ကြိုတင်ပြင်ဆင်ပါ........

ကိုရီးယားကို လာပြီးကေ အလုပ်လုပ်ဖို့လို့ စိတ်ကူးဟိပါကေ ကြိုတင်ပြင်ဆင် ထားသင့်စွာတိကို ကျွန်တော်တတ်နိုင်ရေလောက်  တင်ပြလားချင်ပါရေ။ ပထမဆုံး အရေးကြီးစွာက ဘာသာစကား ဘာ။ကိုရီးယား နိုင်ငံမှာ ကိုရီးယားဘာသာက နိုင်ငံသုံးဘာသာဖြစ်ရေ အတွက်နန့် မပြောမဖြစ် မသုံးမဖြစ် ဘာသာပါ။စကားမတတ်ကေလဲ လာလို့မရလားလို့ မိန်းစရာဟိပါဖို့။ဟုတ်ပါရေ မတတ်ကေလဲ လာလို့ရပါရေ။ယဂေလေ့ လူဆိုစွာက ထမင်းမစားပဲ ရာနိန်နိုင်ဖို့၊ စကား မပြောပဲမနိန်နိုင်လို့တောင် တင်စားပြောဂတ်ပါသီးရေမလား။စကားပြောချင်လာဂေ ဇာပိုင်လားပြောဖို့ပါလေး။အများကြီး မတတ်ကေတောင် ထမင်းစားရီသောက်လောက်တော့ခါ တတ်သင့်ပါရေ။
စား၊ဝတ်၊နေ ဒေအရေး(၃)ရေးအဆင်ပြေဖို့အတွက်လေး စကားက အရေးကြီးပါရေ။ဥပမာ/မုန့်စားချင်ဘာရေ။မုန့်ဆိုင်ကိုလားပြီးကေ ထိုမုန့်စားချင်ပါရေ၊ဒေမုန့်စားချင်ပါရေလို့ ပြောပြီး မဝယ်တတ်ကေ၊ဗိုက်ပွတ်နိန်ရဖို့လမ်းရာမြင်ပါရေ။ မုန့်ကိုစားလီရဖို့မဟုတ်ပါ။ ကတ်သတ်ပြောဖို့ဆိုပါကေ လက်ညိုးထိုးပြီးကေ ၊လက်တစ်ချောင်းထောင်ပြပြီးကေ ဝယ်လို့ရပါရေ(Remark_body language  :)   )ဒေဟင့်က မတတ်သာမှ အဆုံးပါ။လုပ်ငန်းခွင်မှာလဲ ကြည့်ပါ။စက်ရုံမှူးက တူယူလာပါလို့ပြောကေ ကိုယ်ကသေချာနားမလည်ပဲနဲ့ ပလာယာ ကိုယူလာပီးဖို့ဆိုကေ အဆဲမခံရကေတောင် ကိုယ့်ကို အထင်သေးလားနိုင်ပါရေ။ယပြီးကေ လုပ်ငန်းခွင်သုံးစကားတိကိုတတ်မှရာ အလုပ်လုပ်ရာမှာအဆင်ပြေနိုင်ပါရေ။လုပ်ဖေါ်ကိုင်ဖက်တိကလဲ ကိုယ့်ကို နှိမ်ချင်ကေတောင် စကားတတ်ရေ အတွက်နန့် မနှိမ်ဝံ့ပါ။ဇာဖြိတ်လို့လေး ဆိုကေ သူရို့ကိုပြန်ပြောနိုင်ပါရေမလား။အနည်းဆုံးတော့ သူဌေးကို လားတိုင်နိုင်ပါရေ။
စကားမပြောချင်ကေတောင်  အလုပ်မှာ ပထမဆုံးတွိ့ခါ နှုတ်မဆက်မဖြစ် ဆက်ရပါရေ။သူရို့ယိုင်ကျေးမှုကို လေးစားရာရောက်ရေအပြင် အနှုတ်ဆက်ခံရရေ လူတိစိတ်ထဲမှာလဲ ကျေနပ်လားပါရေ။ယဂေလေ့ ကိုယ်နဲ့သက်တူရွယ်တူ တိဆိုကေ နှုတ်မဆက်ကေလေ့ ရပါရေ။အဓိက ကကိုယ့်ထက်အသက်အရွယ်ကြီးရေ၊ ရာထူးကြီးရေလူတိ ကို မဆက်မဖြစ် ဆက်ရပါရေ။စကားတတ်ကေ အလုပ်ထဲမှာလေး အရေးပီး စွာ ကိုခံရနိုင်ပါရေ။ကိုရီးယားစာနန့်ရီးထားရေ စက်ကရိယာတိကို ကိုင်တွယ်ရာမှာလေ့ နားလည်လွယ်မြန်ပါရေ။အလုပ်လုပ်ကေ အန္တရာယ်ဆိုစွာလေ့ အနည်းနဲ့အများတော့ ဟိပါဖို့။"အန္တရာယ်ဟိရေ၊အနားမလာဂေ့" လို့ ပြောနိန်ရေအခါ ကိုယ်ကနားမလည်ပဲနန့် ရှေ့ကိုဆက်တိုးလားဖို့ဆိုကေ တွေးရာကြည့် ကတ်ပါဖိ။ကိုယ့်စိတ်ထဲမှာ ပြောချင်ရေစကား ရှိကေတောင်မှ မပြောတတ်ကေ ဇာပိုင်ရှင်းပြရပါဖို့လေ။သူရို့ အချင်းချင်း အလုပ်နန့်ပတ်သက်ပြီးကေ စကားပြောနိန်ချိန်မှာ ကိုယ်က အနည်းအပါး နားလည်နိန်ကေတောင် လုပ်စရာ ရှိစော်ကို ကြိုပြီးကေ စဉ်းစားပြင်ဆင်ထားနိုင်ပါရေမလား။သူရို့မခိုင်းခင်ကတည်းက ကိုယ်က ကြိုပြီးကေသိနိန်ကေ ပိုမကောင်းပါလား။
အလုပ်ထဲမှာ ရာမက ပြင်ပ ဆက်ဆံရေးမှာလေး အရေးကြီးပါရေ။ဥပမာ/ ဈေးဝယ်ဖို့လားပါဖို့။ ကြက်သား ဝယ်ချင်ကေ ဈေးဇာလောက် ရှိရေဆိုစော်ကို သိပြီးမှရာ ဝယ်ပါဖို့မလား။ဈေးကိုမီးဖို့လိုလာပါရာရေ။ဈေးကိုမီးတတ်ကေတောင်မှ ဈေးကြီးနိန်ကေ ဈေးဆစ်ချင်ပါဖို့မလား။ဈေးဆစ်ဖို့ပါ ပြောတတ်ဖို့လိုလာပါရေ။ ဘတ်စ်ကားစီးကေလေး ဇာစာရေးထားရေကားက ဇာကိုရောက်တေ ဆိုစော် သိထားမှ မမှားမယွင်းစီးနိုင်ပါဖို့။ဒေဟင့်က အခြေခံ အသေးအမွှားရာ ဟိပါသီးရေ။ကျွန်တော်ရေးထားရေ အကြောင်းအရာတိကို ကေ့ပြီးကေ ကိုရီးယား စကားတတ်ဖို့လိုလား မလိုလား ဆိုစော်ကို စဉ်းစားဆုံးဖြတ်နိုင်ကတ်ဖို့လို့ ထင်ပါရေ။လိုအင်ဆန္ဒတိအားလုံး  ပြည့်ဝနိုင်ကတ်ပါစီ။(လိုအပ်ဖို့လို့ ထင်စွာ တိကို တင်ပြရေ အမြင်ချေရာ ဖြစ်ပါရေ)