Subscribe via e-mail

Sunday, September 2, 2012

Wibro (or) Egg

 ကိုးရီးယား နိုင်ငံကို ရောက်ဟိနီဂတ်တေ ညီအစ်ကို တိအတွက် wibro (or) egg  ဆိုစွာကို မိတ်ဆက် တင်ပြလားချင်ပါရေ။ Wibro = wireless broadband ဖြစ်ပါရေ။ ကြိုးမဲ့ အင်တာနက် သုံးလို့ ရအောင် ပြုလုပ်ထားရေ router ပစ္စည်း တစ်မျိုး ဖြစ်ပါရေ။ Egg ( 애그) ဆိုစွာက အစပိုင်း ထွက်လာရေ wibro ပုံစံက ဥတစ်လုံး ပုံစံ ဖြစ်နီလို့ပါ။ ဒေပုံက အစပိုင်း ထွက်လာရေ wibro (left) နန့် နောက်ပိုင်းထွက်လာရေ wibro(right) ရို့ ကို ယှဉ်ပြထားပါရေ။

















ကိုးရီးယား နာမည်ကြီး   တယ်လီကွန်း ဖြစ်တေ SK နန့် KT နှစ်မျိုးစလုံး မှာ ငှားရမ်း နိုင်ပါရေ။ ငှားရမ်းခ အနီနန့် ဝမ် ၁၀၀၀၀ (၂၀၁၂ ခုနှစ် ၇ လပိုင်း ဈေးနှုန်း)  ကျသင့်ပနာ အင်တာနက် အသုံးပြုခက သီးခြားစီ ဖြစ်ပါရေ။ စာချုပ်က ၂ နှစ် ဖြစ်ပါရေ။ ၂ နှစ်မပြည့်ခင် စာချုပ်ဖျက်သိမ်းဖို့ဆိုပါဂေ လျော်ကြေး အနီနန့် ဝမ် ၂၀၀၀၀ လောက် ပီးရဖို့လို့ သိရပါရေ။ wibro နန့် internet အသုံးပြုခ နှုန်းထား

  1. တစ်လကို ၁၀ ဂစ်ဂါဘိုက် အထိ ဝမ် ၁၀၀၀၀
  2. တစ်လကို ၃၀ ဂစ်ဂါဘိုက် အထိ ဝမ် ၂၀၀၀၀ ရို့  ဖြစ်ပါရေ
ကျသင့်ငွေကို ဘဏ်စာအုပ်ထဲက တစ်လ တစ်ကြိမ် ဖြတ်လားလို့ ရအောင် ဝယ်ရေ ဆိုင်မှာ တစ်ခါတည်း လုပ်လို့ရပါရေ။ KT နန့် SK အရောင်းဆိုင်ကြီး (대리점) တိမှာ ငှားရမ်း အသုံးပြုနိုင်ပါရေ။လိုအပ်စွာ တိက
 
  1.  နိုင်ငံခြားသား ID ကဒ်
  2. ဘဏ်စာအုပ်
  3. ဖုန်းမှာ ကုဒ်နံပါတ် ဟိဂေ ယင်းနံပါတ် ကိုပါ သိထားဖို့လိုပါရေ။ (ကုဒ် နံပါတ် ၄ လုံး)

လိုအပ်ချက်တိ အားလုံးပြည့်စုံဂေ ဆိုင်မှာ ၁၀ မီနစ်လောက် စောင့်လိုက်စွာနန့်  wibro ငှားရမ်း အသုံးပြုခြင်း အောင်မြင်စွာ ပြီးဆုံးလား ပါဗျာယ်။ အင်တာနက် အသုံးများ ရေ ပုဂ္ဂိုလ် တိအတွက် ဖုန်းထဲက 3G data နန့် သုံးစွာနန့် စာဂေ ကုန်ကျစားရိတ် လျှော့ချ နိုင်ရေလို့ သုံးသပ်ပါရေ။ wibro နန့် ဖုန်းအပြင် note book PC တိနန့်လဲ တွဲသုံးလို့ ရပါသီးရေ။ Wibro အသုံးပြုလို့ရရေ ကုဒ်နံပါတ်က စတေကာ နန့် တခါတည်း ကပ်ထားပြီးသား ဖြစ်ပါရေ။



0 comments: