Subscribe via e-mail

Saturday, June 2, 2012

ငါကငါးပဂျင်းချေတကောင်ရာ

နှခမ်းစူစူ
ပါးပပူချေနန့်
ထုံထိထုံထုံ
ငါးပဂျင်းချေတကောင်ပါရာ

ဒေချောင်း၊ဒေရီ

ဒေကမ်းတလျှောက်
ပြာတော၊ပြူးတော
ကဘိုင်တောတိ
တတောဝင်တတောထွက်
ဆလီခြုံအောက်တိမာကဇတ်
ဖျားရီးအတတ်တိနန့်
ကူးလာလို့မြူးဖူးယင့်



ငရို့ပျော်ရာဒေကမ်းရိုးမာ

တရက်နိန့်ခါ
တငါသည်တရွီဝင်ဗျာယ်လာ
ခြုံချချင်ချ
ပိုက်တန်းချင်တန်း
မျှားချချင်ချ
ဗလဗွီသတ်ဗျာယ်
အဆီကိုယက်
အသားကိုဆို့
အရိုးတောင်မျို
ပြားတောပါဖျက်လို့
ချင်ဆီပျင်နီကေ
ငရို့တိမာဒုက္ခအတိ

င့ါမာက

ဖျားအတက်အကျထိ
အီးလောက်တေ
အဆိပ်စူးတောင်မဟိ
ငမန်းတိပိုင်ချောင်
မြင်စွာနန့်ကြောက်လောက်တေ
ရုပ်မျိုးလေ့ငါမပိုင်
ပဒုန်းနန့်ဘုန်းခနဲသတ်လို့
သီလောက်တေ
မီးကျောင်းပိုင်လေ့အားမဟိ
ယကေလေ့
ငါချစ်တေဒေကမ်းက
ငါ့မျိုးတိရာအီးချမ်းဖို့ဆို
မျိုးချစ်စိတ်နန့်သဓေတည်
နာကျည်းမှုတိစီးဝင်နီရေ
ငါ့အသည်းအစွမ်းနန့်
ယင်းအမျိုးယုတ်တိ
တစင်လုံးပြို
တခြုံလုံးစင်
တစိုင်လုံးပြုန်း
တစင်းလုံးမြုပ်နိုင်ရေဆိုစွာ
ချထားရေငါးစာ
မျှားပါမှန်းသိကေလေ့........
ပြလိုက်ချင်ယင့် ။ ။
 


                                                                                မင်းရာမောင်
(ပဂျင်းအသည်းစားကေသီ၏ )

0 comments: